စလင်း ဧပြီ ၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ယမန်နေ့နံနက်၉နာရီအချိန်မှ နံနက်၁၁နာရီ အချိန်အထိ မြို့မရဲစခန်း ရှေ့စစ်ဆေးရေးဂိတ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြာများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပြီးစီးကြောင်း လက်မှတ်လက်ဝယ်ကိုင်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၏ ကြီးကြပ် မှုဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက စလင်း-မင်းဘူး-ဆင်ဖြူ ကျွန်းကားလမ်းမပေါ်တွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်) ကိုင်ဆောင်သွားလာခြင်း ရှိ/မရှိနှင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီး ကြောင်း လက်မှတ် ကိုင်ဆောင်ခြင်းရှိမရှိတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ထိုးနှံပေးသွားမည်ဖြစ်ပြီး အဆိုပါဆောင်ရွက်ခြင်း လုပ်ငန်းများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ဧပြီလ၅ရက်နေ့မှစတင်ပြီး နေ့စဉ်သက်ဆိုင်ရာဌာနများ ပူးပေါင်းကာ နေ့စဉ်မပြတ် ဆောင်ရွက်မည် ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးဦးတင်အေးထံမှ သိရှိရသည်။
မောင်လွင်