သတင်းများ

ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ
Mar 25,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာစေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်​တော်တန်ဆောင်းတွင်ယနေ့နံနက် (၁၀း၀၀)နာရီမှ (၁၂:၃၀)နာရီထိကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (COVISHIELD) အား ပထမအကြိမ်ထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆေးထိုးနှံရာတွင် ဒဂုံမြို့နယ်အတွင်းရှိ​ဦးဝိစာရရပ်ကွက်နှင့် ဘုရားကြီးရပ်ကွက်တို့မှ အသက် (၁၈)နှစ်   နှင့်အထက် ရပ်ကွက်နေပြည်သူ ကျား (၂၀)ဦး၊ မ(၃၅)ဦး လူဦးရေ စုစုပေါင်း (၅၅)ဦး တို့အားထိုးနှံပေးခဲ့ပြီး ကာကွယ်​​ဆေး ၁ လုံးလျှင် ၁၁ ဦးနှုန်းဖြင့် (၅၅) ဦးအတွက် ​ဆေးအလုံး​ရေ (၅ )လုံးအား ထိုးနှံ​ပေးခဲ့သည်။    
တွန်းဇံမြို့နယ်အတွင်း စာစစ်ဌာနနှစ်ခုမှ တက္ကသိုလ်ဝင်စာမေးပွဲကို ၄၃၇ ဦး ဝင်ရောက် ဖြေဆိုမည်
Mar 25,2022
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က တွန်းဇံစာစစ်ဌာနနှင့် အ.ထ.က ကျီခါးစာစစ်ဌာနတို့တွင် ကျောင်းသား၊ ကျောင်းသူ ၄၃၇ ဦးက ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားကြောင်း သိရသည်။
ပုသိမ်မြို့ ရွှေမုဋ္ဌောဘုရားကြီးရင်ပြင်တော်နှင့် ပြည်သူ့ဆေးရုံကြီးအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Mar 25,2022
ပုသိမ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ မရှိခဲ့သော်လည်း အမှိုက်များ၊ သစ်ရွက်သစ်ခက်များကြောင့် ဘုရားစေတီနှင့် အဆောက်အဦများအတွင်း စုပေါင်းသန့်ရှင်းရေးများ ကို ယမန်နေ့ နံနနက် ၇  နာရီမှ ၁၀ နာရီအထိ ပုသိမ်မြို့၏ ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီ တော်မြတ်ကြီးရင်ပြင်တော်နှင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခြင်းများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ရပ်ကွက်အထောက်အကူပြုအဖွဲ့များ စုစုပေါင်းအင်အား ၂၄၃ ဦးဖြင့် ဆောင်ရွက်ခဲ့ကြသည်။
ဝေါလေမြိုင်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Mar 25,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေ ရန်နှင့် ဘဝရည်မှန်းချက် ပန်တိုင်များကို ကောင်းမွန်စွာ လျှောက်လှမ်းနိုင်စေရန်ရည်ရွယ်၍ ဝေါလေမြိုင်မြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကို မတ်၂၂ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အလုံမြို့နယ်၌ (၇၇) နှစ်​မြောက် တပ်မ​တော်​နေ့အထိမ်းအမှတ် နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်၊ စာ​စောင်ပြပွဲ​ ဆောင်ရွက်
Mar 25,2022
၂၀၂၂ခုနှစ်၊ မတ်လ ၂၇ ရက်​နေ့တွင် ကျ​ရောက်မည့် (၇၇)နှစ်​မြောက် တပ်မ​တော်​နေ့အထိမ်းအမှတ် နံရံကပ်စာ​စောင်နှင့် စာအုပ်စာ​စောင်ပြပွဲကို ယမန်​နေ့ မွန်းလွဲ(၁)နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထု အ​ခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလက်မှတ် ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်
Mar 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ထားဝယ်-မြိတ် ပြည်ထောင်စုကားလမ်းမကြီး၌ ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များ ဖြင့် လူမျိုး၊ ဘာသာမရွေး ခရီးသွားလာသူ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလက်မှတ် ရှိ/မရှိစစ်ဆေးခြင်း နှင့် ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲ အချိန်ခန့်က ပလောက်တံတားဂိတ်အရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့နယ်အတွင်းရှိ  ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ထောက်ပံ့ငွေများပေးအပ်
Mar 25,2022
"ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ဟိုပန် ခရိုင်၊ ဟိုပန်မြို့နယ်တွင် MCCT (Maternal and Child Cash Transfer) အစီအစဉ်ဖြင့် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ရွှေဝါကျေးရွာနှင့် နောင်မိုကျေးရွာများရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။