ကလေးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ဖြေဆို

ကလေး ဧပြီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲ၏ ပထဝီဝင်ဘာသာရပ်ကို စာစစ်ဌာန (၂)ခုတွင် ဖြေဆိုခဲ့ပြီး ယနေ့လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၁၇၇) ဦး ရှိကြောင်း သိရသည်။

ကလေးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် လျောက်လွှာ တင်ထားသည့် ကျောင်းသား၊ ကျောင်းသူ (ဆွံ့အ၊ နားမကြား၊ ကိုယ်လက်အင်္ဂါမသန်စွမ်း အပါအဝင်) စုစုပေါင်း (၇၉၁) ဦးရှိရာ ပထဝီဝင်ဘာသာရပ်ကို လာရောက်ဖြေဆိုသူပေါင်း (၁၇၇)ဦးရှိပြီး ပျက်ကွက် (၃၂)ဦးရှိသောကြောင့် (၈၅) ရာခိုင်နှုန်း ဖြေဆိုမှုရှိကြောင်း ကလေးမြို့နယ် ပညာရေးဦးစီးဌာနမှ သိရသည်။

ကလေးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့်ကျောင်းသား၊ ကျောင်းသူများအတွက် စာစစ်ဌာနများကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အင်ဒိုင်းကြီး အခြေခံပညာ အထက်တန်းကျောင်းတို့တွင် (၂) နေရာသတ်မှတ်ထားပြီး တက္ကသိုလ်ဝင် စာမေးပွဲများကို မတ်လ (၃၁) ရက်နေ့မှ ဧပြီလ(၉)နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)