ကျိုက်ဒုံမြို့၌ (၂၀၂၁-၂၀၂၂) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် ဖြေဆို

ကျိုက်ဒုံ ဧပြီ ၇

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၌ (၂၀၂၁-၂၀၂၂) ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ သတ္တမနေ့အဖြစ် ပထဝီဘာသာရပ်အား အ.ထ.က(ကျိုက်ဒုံ)စာစစ်ဌာနတွင် ဧပြီလ ၇ ရက်၊ယနေ့ နံနက် ၉ နာရီက ပထဝီဘာသာရပ်ကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက် ရှိကြောင်း သိရသည်။

အ.ထ.က (ကျိုက်ဒုံ)   စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် ဝင်ရောက် ဖြေဆိုသူ (အ.ထ.က) ကျိုက်ဒုံမှ ကျောင်းသား (၂၅) ဦး ကျောင်းသူ (၂၈) ဦး၊ နောင်တမံကျေးရွာ (အ.ထ.က) ခွဲမှ ကျောင်းသား (၄) ဦး၊ ကျောင်းသူ (၃) ဦး၊ အဇင်းကျေးရွာ (အ.ထ.က) ခွဲမှ ကျောင်းသား (၇) ဦး ကျောင်းသူ (၃) ဦး အလွတ်ဖြေကျောင်းသား (၁) ဦး ကျောင်းသူ(၅) ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ(၇၆) ဦး ဝင်ရောက် ဖြေဆိုလျက် ရှိသည်။

ကျောင်းသားကျောင်းသူများ (၂၀၂၁-၂၀၂၂) ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်စေရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် ဌာနဆိုင်ရာများ၊ နယ်မြေစခန်းမှူးနှင့် ရဲတပ်ဖွဲ့များ တာဝန်ရှိသူများက အပြင်စည်းလုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းနိုင် (ကျိုက်ဒုံ)