အိမ်မဲမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပထဝီဝင်ဘာသာရပ် အေးချမ်းစွာ ဖြေဆို

အိမ်မဲ ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန ၉ ခုဖြစ်သော အ.ထ.က-၁   ၂၅၅ ဦး၊ အ.ထ.က-၂ တွင် ၁၄၁ ဦး ၊အ.ထ.ကရွာသစ်တွင် ၉၇  ဦး၊ အ.ထ.က ကြို့ကုန်းတွင် ၁၄၃ ဦး၊ အ.ထ.က-တကူဆိပ်တွင် ၈၉  ဦး၊ အ.ထ.က-ဝါးတလုတ်ကမ်းနီတွင် ၅၆ ဦး၊ အ.ထ.က- လူကောင်းကျွန်းတွင် ၄၁ ဦး၊ အ.ထ.က ကျုံတလုတ် တွင် ၃၁  ဦး၊ အ.ထ.က-ဘုရားကြီးကုန်းတွင် ၃၅ ဦး စသည့် စာစစ်ဌာန ၉ ခုတို့တွင် စုစုပေါင်းကျောင်းသား ကျောင်းသူ ၈၈၈  ဦး တို့သည် ဧပြီလ ၇ ရက်နေ့နံနက် ၉ နာရီက ပထဝီဝင်ဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။

အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမှုအတွက် စာစစ်ဌာနအလိုက် အတွဲ-၂ ဘာသာရပ်ဖြေဆိုမှု စာရင်းရှိ ၉၅၂ ဦး ရှိသော်လည်း ၆၄ ဦးဖြေဆိုမှုပျက်ကွက်ခဲ့ပြီး ၈၈၈ ဦးသာ ဖြေဆိုသည့်အတွက် ဖြေဆိုမှု ၉၃ ဒသမ ၂၈ ရာခိုင်နှုန်းရှိကြောင်းနှင့် ကျောင်းသား ကျောင်းသူများအေး ချမ်းစွာဖြေဆိုနိုင်ရေးအတွက် အပြင်စည်းအနေဖြင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများပါဝင်ပြီး၊ အတွင်း စည်းအနေဖြင့် ဆရာ/မများနှင့် တာဝန်ရှိသူများမှ စောင့်ကြပ်ကြည့်ရှုပြီး အဆိုပါစည်းများ လုံခြုံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်၊ အဖွဲ့ဝင် (၁)ဗိုလ်မှူးကောင်း မြတ်စံနှင့်အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ် စောင့်ရှောက် ပေးလျက်ရှိကြောင်းသိရသည်။

ချစ်သက်လယ် (အိမ်မဲ)