သတင်းများ

ထန်းတပင်မြို့နယ် လူထုအ​ခြေပြုဗဟိုဌာနခန်းမတွင် နံရံကပ်စာ​စောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ဉာဏ်စမ်းပ​​ဟေဠိပြိုင်ပွဲ ကျင်းပ
Mar 25,2022
(၇၇)နှစ်​မြောက်တပ်မ​တော်​နေ့အထိမ်းအမှတ် နံရံကပ်စာ​စောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ဉာဏ်စမ်းပ​​ဟေဠိပြိုင်ပွဲကို မတ်လ(၂၄)ရက်၊ နံနက်ပိုင်းက ရန်ကုန်​မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည် တပ်မ​တော်၏သမိုင်း​ကြောင်းအား လူငယ်လူရွယ်များ သိရှိ​စေရန်၊ ​နွေရာသီ​ကျောင်းပိတ်ရက် စာ​ပေဖတ်ရှု​လေ့လာခြင်းဖြင့်
မိုင်းတုံမြို့၌ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး ခေါင်းစဉ်ဖြင့် ဟောပြောပွဲဆောင်ရွက်
Mar 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊မိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ည‌နေပိုင်းက မြို့မအားကစားကွင်းရှိ အားကစားရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ကူးစက်မြန်အိုမီခရွန်ရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ
Mar 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် အများပြည်သူ များအား အသိပညာပေး Talk Show များအား အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြု ဗဟိုဌာန(Community Center) ခန်းမတွင် ယနေ့မြန်မာသာမက ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါ အိုမီခရွန်အကြောင်းအသိပညာပေး Talk Show အား ကျင်းပပြုလုပ်ခဲ့သည်။
(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 25,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ခံ ထုတ်ဝေသည့် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို၊ ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ​လူစည်ကားရာ မြန်မာ့စီးပွား​ရေးဘဏ်တွင် ပင်စင်စားဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မေယု FM ရေဒီယိုဖမ်းယူရရှိမှု အခြေအနေအား မြို့မတောင် ရပ်ကွက်အတွင်း စစ်တမ်းကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက်
Mar 25,2022
အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့၏ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှု အစီရင်ခံစာ (Preliminary Needs Assessment-PN) တွင် ပါဝင်သော အကြံပြုချက်များနှင့်အညီ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး အတွက် အာဆီယံနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ပထမအဆင့် ဦးစားပေးစီမံကိန်း(၇)ခုအား အကောင်အထည်ဖော် ဆောင်လျက်ရှိရာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း၌ မေယု FM ရေဒီယိုအစီအစဉ်များကို ဖမ်းယူ နားဆင်မှုနှင့် ပတ်သက်၍ ပရိသတ်၏ သဘောထားအမြင်များအား စစ်တမ်းကောက်ယူခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်မှစတင်၍ မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်အတွင်း မြေပြင် ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ် စွမ်းရည်ပြိုင်ပွဲကျင်းပ
Mar 24,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော စာဖတ်စွမ်း ရည်ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မုန်တိုင်းဖြတ်သန်းစဉ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သော ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အားကောင်းသောမုန်တိုင်းငယ်ဖြစ်သန်းစဉ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သော ဘေးသင့်ပြည်သူများ ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းလုပ်ငန်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ်လည် မှတ်တမ်းစာအုပ် ထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Mar 24,2022
စစ်ကိုင်းခရိုင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ်လည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် တစ်နှစ်ပြည့်ဆောင်ရွက်မှု မှတ်တမ်း စာအုပ်ထုတ်ဝေနိုင်ရေး ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။