ထားဝယ်တက္ကသိုလ်၌ ဥပဒေဆိုင်ရာအသိပညာ‌ပေးဟောပြောပွဲ ကျင်းပ

ထားဝယ် မတ်  ၂၅

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ထားဝယ်တက္ကသိုလ်၌ ယနေ့နံနက် ၁၀ နာရီက ဥပဒေဆိုင်ရာအသိပညာ‌ပေး ဟောပြောပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဥပဒေချုပ် ဦးအုန်းသန်းက မီဒီယာနှင့် လူမှုကွန်ယက်စာမျက်နှာအသုံးပြုရာတွင် လိုက်နာရမည့်ဥပဒေများကို လေ့လာခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလှိုင်က ထားဝယ်ခရိုင်အတွင်းဖြစ်ပေါ်နေသော အကြမ်းဖက်မှုခင်းများအကြောင်း အကြမ်းဖျက်တိုက်ဖျက်ရေး ဥပဒေနှင့်ရာဇသတ်ကြီးဥပဒေဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောသည်။

ထို့နောက် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က အသိပညာပေးဟောပြောသူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ကြသည်။

အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ ထားဝယ်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းများ စုစုပေါင်း ၁၅၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေပင်လယ်(ထားဝယ်)