ပုလော မတ်၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာနများတွင် မတ်လ ၂၄ ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၂ ခုနစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်များအား စာမေးပွဲဖြေဆိုရက် မတိုင်မီအထိ ထုတ်ပေး သွားမည်ဖြစ်ကြောင်းနှင့် ဖြေဆိုခွင့်ကတ်ထုတ်ယူရာတွင် ကျောင်းတွင်းဖြေ ကျောင်းသား ကျောင်းသူများက မိမိတို့၏ ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူရမည်ဖြစ်ကြောင်းနှင့် ပြင်ပ ဖြေ ကျောင်းသားကျောင်းသူများက မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
ပုလောမြို့နယ်တွင် ပုလောမြို့ အထက(၁)၊ အထက(၂) ၊ အထက(ရှပ်ပုံ)၊ အထက(မလိ) ၊ အထက(ခွဲ) ပုလောကုန်း၊ အထက (ခွဲ)ပေါင်း၊ အထက(ခွဲ) ပဝတ်ကုန်း၊ အထက(ပလောက်)၊ အထက(ခန္တီ)၊ အထက(ပြင်ဘုကြီး)၊ အထက(ခွဲ) ကျောက်တောင်၊ အထက(ပလ)၊ အထက (ခွဲ)ကျောက္ကာ၊ အထက(ခွဲ)ဇရပ်ဆိပ်၊ အထက(ခွဲ)တို စသည့် စာစစ်ဌာန(၁၅)ခု တွင် ကျောင်းဖြေ အတွဲ(၇)တွင် ၃၄ ဦး ၊ အတွဲ(၁)တွင် ၃၁၆ ဦး၊ အတွဲ(၂)တွင် ၇ ဦး၊ အလွတ်ဖြေတွင် အတွဲ(၇)တွင် ၁၀ ဦး ၊ အတွဲ(၁)တွင် ၁၄၇ ဦး၊ အတွဲ(၂)တွင် ၈ ဦး စုစုပေါင်း ၅၂၂ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။၊
အေးအေးမော်(ပုလော)