ကျောက်ဆည်မြို့၌ စီမံခန့်ခွဲမှုမွမ်းမံသင်တန်း ဖွင့်လှစ်

ကျောက်ဆည် မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သုံထပ်ဆောင်အစည်းအဝေးခန်းမနှင့် ခရေအဆောင်တို့တွင် ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် မိမိတို့၏ လုပ်ငန်းများစနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှု မွမ်းမံသင်တန်းကို ယနေ့နံနက်(၉)နာရီက ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်ပညာရေးမှူးဒေါ်မိမိအောင်က သင်တန်းသား/သင်တန်သူများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချလိုက်သော ဘာသာရပ်များကို အလေးထားမှတ်သားထားကြပြီး လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် စနစ်တကျ ထမ်းဆောင်သွားကြစေရေး ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးနှင့် ဒုတိယပညာရေးမှူး ဦးညွှန့်ဝင်း၊ လက်ထောက်ပညာရေးမှူး ဦးမြလှိုင်နှင့် ဦးမျိုးဝင်းလှိုင်၊ ဒုတိယဦးစီးမှူး ဒေါ်သီတာအောင်(စာရင်းအင်း)တို့က စီမံဘာသာရပ်၊ ဘဏ္ဍာဘာသာရပ်၊ ပညာဘာသာရပ်၊ စီမံကိန်းစာရင်းအင်း ဘာသာရပ်၊ ကွန်ပျူတာဘာသာရပ်များအား ဆက်လက်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံခန့်ခွဲမှုမွမ်းမံသင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ရုံးဝန်ထမ်းများ(၁၇၄)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်မောင်(ကျောက်ဆည်)