ဘောဂလိ ဧပြီ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်၊ အတွေးအခေါ် အသိအမြင်များ အချင်းချင်း ဖလှယ်တတ်စေရန်၊ စာပေမှရရှိသော အသိအမြင်ဗဟုသုတများကို အသုံးချတတ်လာစေရန် ရည်ရွယ်၍ “အားနေသောလက်များ” စာအုပ်ဖြင့် ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦစီးမှူး ဒေါ်ကြည်ကြည်ခိုင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းအားဖြင့် စာဖတ်သည့် အလေ့အထရရှိစေခြင်း၊ အသိပညာ ဗဟုသုတများ ပိုမိုတိုးပွားလာခြင်း၊ စာပေမှရရှိသာ ဗဟုသုတများကို လူမှုပတ်ဝန်း ကျင်တွင် အသုံးချတတ်လာခြင်း ၊ စာပေဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှု ရှိပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခြင်းစသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများက စာရေးဆရာအောင်သင်းရေးသားသော “အားနေသောလက်များ ” စာအုပ်တွင်ပါရှိသော ခေါင်းစဉ်များအလိုက် အကြောင်းအရာ များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကြည်ကြည်ခိုင်(ပြန်/ဆက်)