မိုးမိတ်မြို့နယ်တွင်  တန်ဆောင်မုန်းလပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မိုးမိတ် နိုဝင်ဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ နံနက်  ၆ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

မိုးမိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်သံဃာတော်များ၊ ရှင်သာမဏေများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်စိုက်ပျိုးရေးရုံးထိပ်တွင် စုဝေးတော်မူပြီး  မိုးမိတ်၊ မန်တုံလမ်းမကြီးအတိုင်း  လမ်းတစ်လျောက်ကြွမြန်းတော်မူကြရာ  စေတနာရှင် ၊အလှူရှင် မိဘပြည်သူများက ဆွမ်း ၊ ဟင်း နှင့် လှူဖွယ်ပစ္စည်းမျိုးစုံတို့ကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

 နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း ဒေသခံပြည်သူများသည်  ဥပုဒ်သီတင်း ဆောက်တည် ကြခြင်း ၊ စုပေါင်း၍ ဆွမ်းလောင်းလှူခြင်းတို့နှင့်ကထိန်ခင်းခြင်းများကို  ဆောင်ရွက်ကြပြီး အလှူဒါန ကုသိုလ်ကောင်းမှု ပြုလုပ်ကြကြောင်း မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးအောင်ထွန်းမှ ပြောသည်။

 

မိုးမိတ်သား(စည်သူဌေး)