သတင်းများ

မင်းဘူးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် ကြွေးကျန်ကောက်ခံရေးဆိုင်ရာ ညှိနှိုင်း အစည်းဝေးကျင်းပ
Nov 11,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ဘဏ်လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့်ကြွေးကျန်များ ကောက်ခံရေးဆိုင်ရာ ညှိနှိုင်းအစည်းဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
မိုင်းရှူးမြို့တွင် ဟံသာမုနိမာရဇိန်ဘုရားကြီး၊ လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ပွဲတော် ကျင်းပနိုင်ရေးအလှူတော်ငွေ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ
Nov 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဟံသာမုနိမာရဇိန်ဘုရားကြီး၊ လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပွဲတော် ကျင်းပနိုင်ရေးအလှူတော်ငွေ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီက အမှတ်(၄) ရပ်ကွက် ဟံသာမုနိဘုရားကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
လွိုင်လင်မြို့နယ် အမျိုးသား (အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်
Nov 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ဘောလုံးအဖွဲ့ချုပ်ဖလား အမျိုးသား (အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို၊ ယမန်နေ့ မွန်းလွဲ(၂) နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ) ဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပသည်။
ထန်းတပင်မြို့နယ်တွင် ရဲဗလတံဆိပ်ချီးမြှင့်ခြင်းခံရသည့် ပုဂ္ဂိုလ်နှစ်ဦးအား ထပ်ဆင့်ဂုဏ်ပြုခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေး
Nov 10,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရဲဗလတံဆိပ်ချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်များအား ထပ်ဆင့်ဂုဏ်ပြုခြင်းအခမ်းအနားနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများအား ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မင်္ဂလာဒုံမြို့နယ်ရုံး (Community centre) ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြို ဟောပြောပွဲနှင့်ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ
Nov 10,2022
ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မင်္ဂလာဒုံမြို့နယ်ရုံး (Community Centre) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ချက်ဖြင့် အထိမ်းအမှတ်နေ့များ၊ နေ့ထူးနေ့မြတ်များတွင် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ရေတာရှည်မြို့နယ်တွင် ၇၅ နှစ်​မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်​ မူလတန်းအဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ
Nov 10,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၇၅ နှစ်​မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အ​ခြေခံပညာမူလတန်းအဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဖူဆယ်​ဘောလုံးကွင်းတွင် ယနေ့ နံနက် (၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရေတာရှည်မြို့နယ်၌ ခရိုင်အဆင့်မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ တစ်ဧကလျှင် စပါးအစိုတင်း ၁၂၈ တင်းထွက်ရှိ
Nov 10,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သပြေတန်းကျေးရွာ၌ တောင်ငူခရိုင် စိုက်ပျိုးရေးဦးစီးဌာနဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၂ ခုနှစ် မိုးစပါးရာသီတွင် မျိုးစေ့ချ ကိရိယာ(drum seeder)ဖြင့် ဆောင်ရွက်ခဲ့သော တောင်သူဦးလင်း၏ ဗျော့ထွန်းစပါးမျိုး စံပြစိုက်ခင်း၌  ခရိုင်အဆင့်မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပရာ တစ်ဧကလျှင် စပါးအစိုတင်း ၁၂၈ တင်းထွက်ရှိကြောင်း သိရသည်။
ကျိုင်းလပ်မြို့ ရုံးလူထု အခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Nov 10,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၏ "ခေါင်းဆောင်မှုအတွေး၏အရေးပါမှု" စာအုပ်ကို ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။