လိပ်သိုမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြပွဲပြုလုပ်
Nov 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်သို့ လာရောက်သော ပြည်သူများ၊ ကျောင်းသား ကျောင်းသူလူငယ်များ၊ ကလေးသူငယ်များ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အစဉ်အမြဲ သတိပြုရှောင်ကြဉ်နိုင်ရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကပ်ထားပြသပေးလျက်ရှိကြောင်း သိရသည်။