ထန်းတပင်မြို့နယ်တွင် အမျိုးသားအောင်ပွဲအကြောင်း စာဖတ်ဝိုင်းပြုလုပ်
Nov 11,2022
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊ အသိပညာဗဟုသုတများ ပိုမိုသိရှိစေရန်နှင့် အမျိုးသားအောင်ပွဲနေ့ အကြောင်းအရာများကို သိရှိနားလည်စေရန်အတွက် ယနေ့နေ့လယ်ပိုင်း က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre) တွင် အမျိုးသားအောင်ပွဲအကြောင်းကို စာဖတ်ဝိုင်းပြုလုပ်ကာ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။