သာစည်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများပြုလုပ်

သာစည် နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး စာစီစာကုံးပြိုင်ပွဲကိုစတင်ရာ သာစည်မြို့ အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့မှ ကျောင်းသား/သူများက  အထက်တန်းအဆင့်တွင် “ဂုဏ်ပြုမမေ့ အမျိုးသားအောင်ပွဲနေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် “အမျိုးသား အောင်ပွဲနေ့တို့မမေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြသည်။ ထို့နောက်  ကျောင်းသား/သူများက  ခင်းကျင်းပြသထားသော   သုတရသစာအုပ်များနှင့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြသည်။

အဆိုပါ စာစီစာကုံးပြိင်ပွဲမှ ဆုရရှိသော ကျောင်းသား/သူများအား   အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား၌ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်