လှည်းကူး နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များအနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ယမန်နေ့မွန်းလွဲ(၁)နာရီက လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့နှင့် ဝန်ထမ်းများက ဦးစီးဌာနကထုတ်ဝေသည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို အခြေခံပညာအထက်တန်းကျောင်း၊ အထက(လှည်းကူး)ရှိ ကျောင်းသား/သူများထံ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားရေးအားမာန်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ လူငယ်တွေရဲ့ခေတ်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ မှန်ကန်သော မျိုးချစ်စိတ်ဓာတ်များရှိရန် အထူးလိုအပ်၊" အမျိုးသားအောင်ပွဲနေ့" အထိမ်းအမှတ်ဂုဏ်ပြုကာတွန်း၊ ကဗျာနှင့်ဆောင်ပုဒ်များနှင့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများကို ဖော်ပြထားကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)