အမ်းမြို့နယ်၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ ပြပွဲနှင့်လက်ကမ်းစာစောင်များဖြန့်ဝေ

အမ်း နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာရေးဦးစီးဌာနတို့ပူပေါင်းပြီး (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်အချိန်က အ-ထ-က(၁) ခန်းမ၌ပြုလုပ်ခဲ့သည်။

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို)အဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ပြပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ ပညာရေးမျှော်မှန်းချက်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကိုသပိတ်မှောက်ရန် သစ္စကြို၊ ရသစာအုပ်များကို လေ့လာဖတ်ရှု့ခဲ့ကြသည်။

ဟောပြောပွဲသို့ တက်ရောက်လာသူများနှင့် ပြပွဲခန်းများအားလေ့လာရန်ရောက်ရှိလာသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း