ငါန်းဇွန်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ငါန်းဇွန် နိုဝင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဆေးရောင်ခြယ်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးရောင်ခြယ်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ငါန်းဇွန်မြို့ မူလတန်းကြို နေ့ကလေးထိန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး အမှတ်ပေးဒိုင်အဖြစ် စားသုံးသူ ရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

ပြိုင်ပွဲများအပြီးတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုဇင်ထိုက်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေဝင်းတို့က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)