မိုင်းယုမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများက စာဖတ်ဝိုင်း ပြုလုပ်

မိုင်းယု နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းဝင်တို့က စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် ယနေ့နံနံက်ပိုင်းက စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအားချာ စာဖတ်သည့်တစ်ဦးတစ်ယောက်မှစပြီး စာဖတ်သူတိုးတက်ရေး၊ လူငယ်များနှင့် ပတ်သက်ပြီး ကောင်းမွန်သည့် အကျင့်စရိုက်များနှင့် အတွေးအခေါ်မှန်ကန်ရေးအတွက် စာဖတ်သင့် ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အသင်းဥက္ကဋ္ဌ ဦးစိုင်းလှသက်နှင့် အသင်းဝင်များက “လူငယ်များ၏ ရွှေရောင်မနက်ဖြန်”၊ “ဥယျာဉ်မှူးနှင့် ပန်းပင်ငယ်”နှင့် “ကိုယ်ကအရင် စကောင်းပါ” ခေါင်းစဉ်များကို ဖတ်ကြားပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက် သည့် နံရံကပ်စာစောင် နှင့် စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အားချာ