တောင်ငူမြို့၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (Talk Show) ကျင်းပ

တောင်ငူ နိုဝင်ဘာ ၁၅

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်း က တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကာ  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် " အမျိုးသားအောင်ပွဲနေ့" အထိမ်းအမှတ် (Talk Show) ကျင်းပသည်။

အဆိုပါ (Talk Show) တွင်  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးနှင့် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ကိုလွင်(နန်းမြေ)တို့က ပါဝင်ဆွေးနွေးသည်။

ထိုသို့ဆွေးနွေးရာ ယခုနှစ်၌ ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ အမျိုးသားရေးအားမာန်၊ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်း၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန် ပြုကြသော ကျောင်းသားကြီး (၁၁)ဦးအကြောင်း စသည့်အမျိုးသားအောင်ပွဲ လှုပ်ရှားဆောင်ရွက်မှု များကို  ဆွေးနွေးခဲ့ကြသည်။

၄င်း (Talk Show) ဆွေးနွေးပွဲအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ကာ စီစဉ်ရိုက်ကူးခြင်းဖြစ်ပြီး တောင်ငူခရိုင် ပြည်သူ့စာကြည့်တိုက် အမည်ဖြင့် ဖွင့်လှစ်ထားသည့် (Facebook Page) မှတစ်ဆင့် ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)