သတင်းများ

ကန်ကြီးထောင့်မြို့နယ်၌ နေကြာစိုက်ပျိုးပွဲနှင့် မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပ
Nov 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြင်းကဆိပ်ကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာရှိ ကွင်းအမှတ်(၁၄၇-C)၊ ဦးပိုင်အမှတ် ၂၂/၂ ရှိတောင်သူ ဦးပါလကြည် စိုက်ပျိုးလုပ်ကိုင်နေသော လယ်ယာမြေတွင် နေကြာမျိုးစေ့စိုက်ပျိုးပွဲ ကို နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့သည်။
ကသာမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆေးရောင်စုံခြယ် ပြိုင်ပွဲကျင်းပ
Nov 16,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆေးရောင်စုံခြယ်ပြိုင်ပွဲတို့ကို ယနေ့မွန်းလွှဲ (၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
မိုင်းခတ်မြို့နယ်၊ လူထုအခြပြုဗဟိုဌာန Community Centre ခန်းမ၌စာဖတ်ဝိုင်းပြုလုပ်
Nov 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ``ပညာရှင်စိတ်ထား" စာအုပ်ဖြင့် ယနေ့ နံနက်၉နာရီက Youth Clubအဖွဲ့ လူငယ်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
လေးမျက်နှာမြို့နယ် အမှတ်၃ရပ်ကွက် အနန္တဂုဏ်ဝေ သီလရှင်စာသင်တိုက်သို့ လှူဖွယ် ပစ္စည်းများ ပေးအပ်လှူဒါန်း
Nov 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အမှတ်၃ရပ်ကွက်ရှိ အနန္တဂုဏ်ဝေ သီလရှင်စာသင်တိုက်သို့ အနောက်တောင်တိုင်း စစ်ဌာနချူပ်တိုင်မှူးမှ လှူဒါန်းသော လှူဖွယ် ပစ္စည်းများအား မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့မှ ယနေ့နေ့လည်ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Nov 16,2022
၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယမန်နေ့နံနက် (၁၁)နာရီက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျင်းပဆောင်ရွက်ခဲ့သည်။
(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲ သန်လျင်၌ကျင်းပ
Nov 16,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သန်လျင်မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်ဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ (Talk Show)ကို ယနေ့ နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။
တိုက်ကြီးမြို့နယ် မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်
Nov 16,2022
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် မြို့မဈေးအတွင်း မီးလောင်ခြင်း၊ မီးလန့်ခြင်းများမဖြစ်ပွားစေရေး ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်း၊ မီးငြှိမ်းသတ်ခြင်းနှင့်ဇာတ်တိုက် လေ့ကျင့်ခြင်းတို့ကို မြို့နယ်မီးသတ်ဉီးစီးဌာနမှ ယမန်နေ့ညနေ ၃ နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Nov 16,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ၂၀၂၂ ခုနှစ် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပရာ အခြေခံပညာအထက်တန်းဆင့် အမျိုးသားအောင်ပွဲတို့ဆင်နွှဲ ခေါင်းစဉ်ဖြင့် အထက်တန်းဆင့် စာစီစာကုံးဖြေဆိုသူ (၈) ဦးနှင့် အခြေခံပညာအလယ်တန်းဆင့် အမျိုးသားနေ့တို့မမေ့ ခေါင်းစဉ်ဖြင့်  အလယ်တန်းဆင့် စာစီစာကုံးဖြေဆိုသူ (၂၁) ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ( ၂၉ ) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။