မိုင်းခတ်မြို့နယ်၊ လူထုအခြပြုဗဟိုဌာန Community Centre ခန်းမ၌စာဖတ်ဝိုင်းပြုလုပ်

မိုင်းခတ် နိုဝင်ဘာ  ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ``ပညာရှင်စိတ်ထား" စာအုပ်ဖြင့် ယနေ့ နံနက်၉နာရီက Youth Clubအဖွဲ့ လူငယ်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင်  မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က လူငယ်များအနေဖြင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ပြီး ဗဟုသုတများ ရရှိစေရန်နှင့် စာပေဖတ်ရှုလေ့လာသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာရေး၊ ဗဟုသုတများ တိုးပွားလာစေရေး၊ လူငယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ စာပေ၊ ယဉ်ကျေးမှုတို့ကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်လိုကြောင်း ပြောကြားပြီး စာကြည့်တိုက်တွင် လူငယ်များ သိလိုသမျှ ဖတ်လိုသမျှသော စာအုပ်စာစာင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက်  Youth Club အဖွဲ့ဝင်များဖြစ်ကြသည့် စိုင်းဖုန်ဆိုင်လျန်းနှင့် မဇင်မာထွန်းတို့က ဒေါက်တာခင်စန်းမော် ရေးသားသည့် ``ကိုယ်ကျင့်တရား" စာအုပ်မှ စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်း၊ ပညာရှင်စိတ်ထား၊ ရွေးချယ်မှု စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)