ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ဒဂုံတောင်  နိုဝင်ဘာ ၁၆

၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယမန်နေ့နံနက် (၁၁)နာရီက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲကို အမှတ်()အခြေခံပညာအထက်တန်းကျောင်း ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးသက်မင်းဟန် က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများ၊ အမျိုးသားအောင်ပွဲနေ့မှာ နှစ်ပေါင်း၁၀၀ကျော်ပြီဖြစ်သော်လည်း အမျိုးသားရေးစိတ်ဓါတ်များ ပျောက်ကွယ်သွားခြင်းမရှိကြောင်း၊ ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၀)ဦးအကြောင်း စသည့်အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်၊၊

သက်မင်းဟန်(ဒဂုံတောင်)