ကန်ကြီးထောင့် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြင်းကဆိပ်ကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာရှိ ကွင်းအမှတ်(၁၄၇-C)၊ ဦးပိုင်အမှတ် ၂၂/၂ ရှိတောင်သူ ဦးပါလကြည် စိုက်ပျိုးလုပ်ကိုင်နေသော လယ်ယာမြေတွင် နေကြာမျိုးစေ့စိုက်ပျိုးပွဲ ကို နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့သည်။
အဆိုပါနေကြာမျိုးစေ့စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်၊ ပုသိမ်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့်ဒေသခံတောင်သူများမှ လယ်ယာမြေ(၂)ဧကအတွင်း နေကြာမျိုးစေ့များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ဆက်လက်၍ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးကြမည့် တောင်သူများကို နေကြာမျိုးစေ့များအား ပုသိမ်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ခုံဇင်ကုန်းကျေးရွာအုပ်စု၊ ငါးရှဥ့်ထူကျေးရွာရှိ ကွင်းအမှတ် (၁၇၂-E)၊ ဦးပိုင် ၁၅/၂ တောင်သူ ဦးဘလှ၏ လယ်ယာမြေအတွင်း မိုးစပါး စံကွက်ရိတ်သိမ်းခြင်းအား ကြည့်ရှုခဲ့ကြရာမိုးစပါး (ဧရာမင်း) စိုက်ခင်းတွင် စံကွက်တစ်ဧကလျှင် စပါးအစိုအထွက်တင်း (၇၃•၃၄)တင်း၊ အခြောက်အထွက်တင်း (၆၆) တင်းထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။
မဇင်(ပြန်/ဆက်)