ပုဗ္ဗသီရိ နိုဝင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် အမျိုးသားအောင်ပွဲနေ့ကို မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အမှတ်-၉၇ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းက" အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံနှင့် မြန်မာ့သမိုင်းတွင် အမျိုးသားအောင်ပွဲနေ့သည် အရေးပါသည့် နေ့တစ်နေ့ဖြစ်သည့်အတွက် မမေ့သင့်မမေ့အပ်သည့် နေ့တစ်နေ့ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၂) နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သားငယ် (ပုဗ္ဗသီရိ )