ကဝမြို့နယ်တွင် လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံရောင်းချနေသော ဆိုင်ခန်းများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ လိုက်လံစစ်ဆေး

ကဝ နိုဝင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် ကဝမြို့ ပဲခူးလမ်းမကြီးပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်မျိုးစုံ ရောင်းချနေသော ဆိုင်များသို့ ကွင်းဆင်း၍ လက်ရှိရောင်းချနေသော ဆပ်ပြာခဲများ၊ စားသုံးဆီများနှင့် လူသုံးကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး အသိပညာပေးပြောကြားကာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေး အသိပညာပေး ဆောင်ရွက်ရာတွင် တိုင်းထုတ်ကုန် လုံခြုံစိတ်ချရမှုဌာနခွဲ ဦးစီးမှူး ဦးကျော်ဆန်းဝင်းနှင့် ပဲခူးမြို့နယ်တာဝန်ခံ ဒုတိယ ဦးစီးမှူး ဦးဗိုလ်မြတ်လင်းတို့က ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ၊ စားသုံးသူနှင့်ပတ်သက်ဆက်နွယ်သည့် အကြောင်းအရာများ၊ ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ထိခိုက်နစ်နာမှုများနှင့် ပတ်သက်သည့် အကြောင်းအရာများအား တိုင်ကြားနိုင်သည့် Website များကိုလည်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)