ဟုမ္မလင်း၌ နာဂဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ဆေးမှူး/ဗိုလ်ကြီးများအား ကြိုဆို

ဟုမ္မလင်း နိုဝင်ဘာ ၁၇

စစ်ကိုင်းဒေသကြီး၊ နာဂဒေသများသို့ သွားရောက်တာဝန်ထမ်းမည့် ဆေးမှူး/ဗိုလ်ကြီးများအား ဟုမ္မလင်းစခန်းဌာနချုပ် လေဆိပ်၌ နိုဝင်ဘာ (၁၆)ရက်နေ့၊ မွန်းလွဲ (၁)နာရီတွင် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါကြိုဆိုခြင်းသို့ ဟုမ္မလင်း​လေတပ်ခန်းဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်းနှင့် တာဝန်ရှိသူများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ရှေ့တန်းအမှတ် ၃ ခေတ္တစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကြည်စိုး၊ တပ်မတော်ဆေးရုံ ၁၉/ ၁၀၀ ဆံ့မှဆရာဝန်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးများ၊ ရှမ်းစာပေနှင့် ယဥ်ကျေးမှုကော်မတီဝင်များ၊ နာဂစာပေနှင့် ယဥ်ကျေးမှုကော်မတီဝင်များ၊ ချင်းစာ​ပေနှင့် ယဉ်ကျေးမှုကော်မတီနှင့် မြို့မိ၊ မြိုဖများ တာဝန်ရှိသူများက သွားရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။

နာဂဒေသများသို့ ဆွမ္မရာ (၂)ဦး၊ ပန်ဆပ် (၂)ဦး၊ လဟယ် (၂)ဦး၊ ဒုံဟီ (၂) ယမ်ကြုံး (၂)ဦးနှင့် ဟုမ္မလင်းမြို့နယ်တွင် ရွှေပြည်အေး (၂)ဦး၊ မောင်ခမ်းကျေးရွာတွင် (၂)ဦး စုစုပေါင်း (၁၄)ဦးတို့သည် နေရာဒေသ အသီးသီးများသို့ သွားရောက်တာဝန် ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)