မူဆယ်မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သဝဏ်လွှာ ဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မူဆယ် နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ အ.ထ.က(၂) ကျောင်းခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က အောက်တိုဘာလ(၁၇) ရက်နေ့တွင် ကျရောက်သည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မူဆယ်ခရိုင်အုပ်ချူပ်ရေးမှူး ဦးအောင်ဇော်မိုးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ဆက်လက်ပြီး ပညားရေးဌာနမှ စီစဉ်ကျင်းပသည့် (၁၀၂)နှစ်မြောက် အမျိုးသားနေ့ အောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် ခရိုင်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသူ/ သားများအား မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိဌာနဆိုင်ရာများက ပေးအပ် ဆုချီးမြှင့်ခဲ့သည်။

ယင်းအပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ၊ အမျိုးသားနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် ခရိုင်ဒေသအတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်း လှုပ်ရှားဆောင်ရွက်မှုများအား ပြသဆောင်ရွက်ခဲ့ပြီး ယင်းအခမ်းအနားကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တကွ ကျောင်းဆရာ/မများ၊ မြို့ခံရပ်မိရပ်ဖများနှင့် တာဝန်ရှိဌာနဆိုင်ရာများ ကြွရောက်ခဲ့ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)