ဟင်္သာတမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဟင်္သာတ   နိုဝင်ဘာ   ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်  ဟင်္သာတမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၈ နာရီက ဥယျာဥ်မြောက်ရပ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း အမျိုးသားခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ဖတ်ကြားခဲ့ပြီးနောက် ၂၀၂၂ခုနှစ်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းဆင့် ၊ အထက်တန်းဆင့်  စာစီစာကုံးပြိုင်ပွဲနှင့် အောက်တိုဘာ ၁၆ ရက်နေ့တွင် ကျရောက်ခဲ့သော ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဌနှင့် အဖွဲ့ဝင်များ၊မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများက  ဆုများ အသီးသီးချီမြှင့် ကြောင်းသိရသည်။

 

ခရိုင်ပြန်ဆက်(ဟင်္သာတ)