မော်လမြိုင်ကျွန်းမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မော်လမြိုင်ကျွန်း  နိုဝင်ဘာ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲနှင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ဆုရကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မဟာဆောင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေးပို့သော (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော် က ဖတ်ကြားခဲ့ပြီး အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်  အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ဆုရကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများက ဂုဏ်ပြုဆုများအသီးသီး တက်ရောက်ချီးမြှင့်ကာ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲများခင်းကျင်းပြသထားရှိပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား  ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)