ဝမ်းတွင်း-ပင်းတလဲလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်းပြီးစီး

ဝမ်းတွင်း နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ဝမ်းတွင်း- ပင်းတလဲလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ယခုအခါ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း   သိရသည်။

အဆိုပါလမ်းသည် ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် ဝမ်းတွင်းမြို့နယ်သို့ အဓိက ဆက်သွယ်ထားသော လမ်းဖြစ်ပြီး ယာဉ်ဖြတ်သန်းသွားလာမှုများခြင်း၊ ကျေးရွာ(၁၆)ရွာရှိ ပြည်သူများ၏ ဒေသထွက်ကုန်များနှင့် ကူးသန်း‌ရောင်းဝယ်ရန်အတွက် အဓိကအသုံးပြုနေသည့် လမ်းဖြစ်ခြင်းတို့ကြောင့် ယခုအခါ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်သဖြင့် လမ်းသွားလမ်းလာ ပြည်သူများ အဆင်ပြေချောမွေ့စွာ အချိန်တိုအတွင်း  မိမိတို့ ကျေးရွာအရောက် အခက်အခဲမရှိ သွားလာနိုင်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ လမ်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ကျပ်သန်း ၂၀၀ ဖြင့် ခင်းကျင်းထားခြင်းဖြစ်ကာ လမ်းအကျယ် ၁၂ ပေ ၊ အရှည် ၀/ ၇.၅၇၇ မိုင်ရှိပြီး ဝမ်းတွင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)