သဲကုန်း နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိစျေးများ မီးလောင်မှု၊ မီးလန့်မှု မဖြစ်စေရေးအတွက် ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ သဲကုန်းမြို့မစျေး အတွင်းအပြင်ဆိုင်ခန်းများတွင် မီးဘေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကျော်မင်းထိုက်တို့မှ ပွင့်လင်းရာသီ ရောက်ရှိလာသဖြင့် ဈေးဆိုင်များတွင် မီးသတ်ဦးစီးဌာန၏စံနှုန်းနှင့် ကိုက်ညီသော မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲအိတ်များ အသင့်ထားရှိရေး၊ မီးသတ်ယာဉ်အလွယ်တကူ ဝင်ထွက်နိုင်ရေး ဆောင်ရွက်ထားရန်၊ မီးကြွင်းမီးကျန်များ အထူးသတိပြုဆောင်ရွက်ရန်နှင့် လျှပ်စစ်မီးအန္တရာယ် မဖြစ်စေတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပုတီးကုန်းမြို့၊ ဆင်မြီးဆွဲမြို့၊ အင်းမမြို့ ဈေးများတွင်လည်း တစ်ပြိုင်နက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင့်နန္ဒာဌေး ၊ပြန်/ဆက်