ငပုတောမြို့နယ်၌ နေကြာသီးနှံ မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် မိုးစပါး စံပြကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်နေမှုအား ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား​ရေး​တော်မတီဥက္ကဋ္ဌ ကြည့်ရှု့အားပေး

ငပုတော နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်  စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး​ကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက် (၉)နာရီအချိန်က သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် လိပ်ချောင်းကျေးရွာအုပ်စု၊ ပုသိမ်-ငပုတော ကားလမ်းဘေးတွင် ကွင်းအမှတ်(၁၃၈၃)၊ ဦးပိုင်အမှတ် (၁၁/၂ ) တောင်သူ ဦးအောင်သူ၏ နေကြာသီးသန့်စိုက်ဧက (၅.၀၀) ဧက အတွင်း၌၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းရာသီ ဆီထွက်သီးနှံ နေကြာမျိုးစေ့ချ သရုပ်ပြပွဲ အခမ်းအနားသို့ သွား​ရောက်၍ ကွင်းဆင်းကြည့်ရှု့ အားပေးခဲ့ကြသည်။

ဦးစွာ ပုသိမ်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား​ရေး​ကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် ဆောင်းရာသီ ဆီထွက်သီးနှံမျိုးစေ့အား ဝန်ထမ်းများက နေကြာမျိုးစေ့များအား စက်အသုံးပြု မျိုးစေ့ချ(သရုပ်ပြ) စိုက်ပျိုးခဲ့ပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  စနစ်တကျ စိုက်ပျိုးနေမှုအား ကြည့်ရှု့အားပေးခဲ့ကြသည်။

ဆက်လက်ပြီးပုသိမ်ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌနှင့်သက်ဆိုင်ရာတာဝန်ရှိသူများသည် ကွင်းအမှတ် (၄၄၀)၊ ဦးပိုင်အမှတ် (၁၁/၁) တောင်သူဒေါ်ဌေးဌေး၏ လယ်မြေတွင် မိုးစပါးစံပြကွက် (၁.၀၀)ဧက ရိတ်သိမ်းခြင်းအား ကြည့်ရှု့အားပေးခဲ့ရာ  အစိုတင်း (၉၉.၅၈)တင်း ၊ အခြောက်တင်း (၉၃.၃)တင်းထွက်ရှိကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ ပုသိမ်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား​ရေး​ကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကို၊  အဖွဲ့ဝင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးဝင်းစိုး၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးနေဝင်း၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မား​ရေး​ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှုး ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ အတွင်း​ရေးမှုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းမျိုးသန့်နှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိဦးကျော်ကျော်ဝင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများ စုစုပေါင်း (၇၆)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်သူ(ငပုတော)