သတင်းများ

ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်း (၂၂၁) ကျောင်း၌ ယနေ့နံနက်ပိုင်းက စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ်ရှိ အခြေခံပညာကျောင်းများ ကျောင်းစတင်ဖွင့်လှစ်
Jun 02,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့အဖြစ် မေလ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ သတ်မှတ်ထားရှိခဲ့ပြီး ယနေ့ဇွန်(၁)ရက်နေ့မှ စတင်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား/သူများ တက်ကြွပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက်ခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး စခန်းသွင်းလေ့ကျင့်နေသည့် အမျိုးသား/ အမျိုးသမီး ဘော်လီဘောအားကစားအဖွဲ့အားကြည့်ရှုအားပေးပြီး တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jun 02,2026
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ ယမန်နေ့ ညနေ ၅ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ စခန်းသွင်း လေ့ကျင့်‌နေသည့် အမျိုးသား/အမျိုးသမီး ဘော်လီဘောအားကစားအဖွဲ့အား ကြည့်ရှုအားပေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် စာသင်တိုက်များသို့ ပိဋကတ်သုံးပုံအဋ္ဌကထာကွန်ပျူတာစာမူ ကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jun 02,2026
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် စာသင်တိုက်များသို့ ပိဋကတ်သုံးပုံအဋ္ဌကထာကွန်ပျူတာစာမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားအား ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယဥက္ကဋ္ဌနှင့် ၎င်းတို့ဇနီးများ၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ သာသနာရေးဆိုင်ရာ အသင်းအဖွဲ့များ တက်ရောက်ကြည်ညိုခဲ့ကြသည်။
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုရာခိုင်နှုန်းများ တိုးတက်မြင့်မားစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 02,2026
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ယမန်နေ့မွန်းလွဲပိုင်းက ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုရာခိုင်နှုန်းများ တိုးတက်မြင့်မားစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရွှေသောင်ယံမြို့တွင် ဇွန်လ(၁)ရက်နေ့မှစတင်၍ စာသင်ကျောင်းအားလုံး ဖွင့်လှစ်သင်ကြား
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နှင့် ကျေးရွာအုပ်စုများ၌ ယနေ့နံနက်ပိုင်းမှ စတင်၍ စာသင်ကျောင်းအားလုံး၌ အေးချမ်းစွာဖွင့်လှစ်သင်ကြားလျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီး ဥပဒေအရာရှိကျင့်ဝတ်ကြီးကြပ်ရေးအဖွဲ့က တိုင်းဒေသကြီးဥပဒေချုပ်ရုံးရှိ ဥပဒေအရာရှိများကို ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်း
Jun 02,2026
တနင်္သာရီတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဥပဒေအရာရှိများအတွက် ဥပဒေအရာရှိကျင့်ဝတ် ဆိုင်ရာတွေ့ဆုံမေးမြန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။