နာဂဒေသလေရှီးမြို့၌ မိုးစပါး SRI စိုက်နည်းစနစ် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်
Jul 11,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ဒိန်းဂလိန်းကျေးရွာအုပ်စု၊ ရေဒေါင်ကျေးရွာ၊ တောင်သူ ဦးရှိသီး၏လယ်ကွက်၌ မိုးစပါး (YSR-1 အောင်နိုင်တိုး) RSI စိုက်နည်းစနစ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းဝေနှင့်ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်း အင်အား(၆၀)ဦး သွားရောက်ဆောင်ရွက်ခဲ့သည်။