ရွှေသောင်ယံမြို့တွင် ဇွန်လ(၁)ရက်နေ့မှစတင်၍ စာသင်ကျောင်းအားလုံး ဖွင့်လှစ်သင်ကြား

ရွှေသောင်ယံ ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နှင့် ကျေးရွာအုပ်စုများ၌ ယနေ့နံနက်ပိုင်းမှ စတင်၍ စာသင်ကျောင်းအားလုံး၌ အေးချမ်းစွာဖွင့်လှစ်သင်ကြားလျက်ရှိသည်။

သို့ရာတွင် ရွှေသောင်ယံမြို့နှင့် ကျေးရွာအုပ်စုများရှိ စာသင်ကျောင်းအားလုံး၌ ကျောင်းသားကျောင်းသူများ စုံညီစွာကျောင်းအပ်နှံပြီး စာသင်ကြားသကဲ့သို့ ကျောင်းသို့ လာရောက်ပို့ဆောင်သော ကျောင်းသာမိဘများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများဖြင့် ယမန်နေ့နံနက်ပိုင်းက စည်ကားလျက်ရှိသည်။

ရှေးဦးစွာနိုင်ငံတော်အလံအား လွှင့်တင်ခြင်း၊ (၉)နာရီအချိန်၌ ကျောင်းတက်ခေါင်းလောင်းထိုးခြင်း၊ ဘုရားရှိခိုးခြင်း၊ တရားထိုင်ခြင်းတို့ပြုလုပ်ပြီး၊ သက်ဆိုင်ရာကျောင်းအလိုက် ကျောင်းအုပ်ကြီးများမှ ကျောင်းသား၊ ကျောင်းသူများအား စည်းကမ်းချက်များနှင့် လိုအပ်သည်များကို မှာကြားကာ ကျောင်းစတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ထို့ပြင် ကျောင်းကော်မတီများနှင့်​ ကျောင်းသားမိဘများမှလည်း ကျောင်း၏လိုအပ်သည်များအား ကူညီဖြည့်ဆည်း လုပ်ဆောင်နိုင်ရန် အစည်းအဝေးများပြုလုပ်ခြင်း၊ ကျောင်းရေတွင်းများဖေါ်ခြင်း၊ ရေကန်များအားရေလှယ် ရေဖြည့်ခြင်းတို့ တစ်ပြိုင်နက်တည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကိုကိုမောင်

ရွှေသောင်ယံ (ပြန်/ဆက်)