သတင်းများ

မြန်အောင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၊ ကျောင်းသား/ကျောင်းသူများ ကျောင်းစတင်တက်ရောက်ပညာသင်ကြား
Jun 02,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၌ အခြေခံပညာကျောင်း (၂၆၈)ကျောင်းနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘက)(၄)ကျောင်း ‌ယ‌မန်နေ့က စတင် ဖွင့်လှစ်ရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းစတင် တက်ရောက်ပညာသင်ကြားလျက်ရှိ‌ကြောင်း သိရသည်။
မုံရွာမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အခြေခံပညာကျောင်းပေါင်း (၁၀၁)ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြား
Jun 02,2026
၂၀၂၆-၂၀၂၇ပ ညာသင်နှစ်အတွက် ၂၀၂၆-ခုနှစ် မေလ(၂၅)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် နိုင်ငံတော်အစိုးရဝန်ကြီးဌာနက ကြေညာထားရှိပြီး ဖြစ်ရာမုံရွာမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများရှိ အခြေခံပညာကျောင်း ပေါင်း(၁၀၁)ကျောင်းတွင် ယမန်နေ့နံနက်(၉)နာရီမှ စတင်၍ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကသာခရိုင်အတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 02,2026
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ဇွန်လ (၁) ရက်နေ့က  စတင်ဖွင့်လှစ်ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန် ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေးလျက်ရှိ
Jun 02,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တီးတိန်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်၍ စာသင်ကြားနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်နှင့်ခဲတံ ထောက်ပံ့ပေးအပ်
Jun 02,2026
၂၀၂၆−၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှစ၍ နိုင်ငံတစ်ဝှမ်း စတင်ဖွင့်လှစ်ခဲ့ရာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများကို စတင်ဖွင့်လှစ်ပြီး ကျောင်းသင်ခန်းစာများ စတင်သင်ကြားပေးလျက်ရှိသည်။
ပန်းတနော်မြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၆) ဖွင့်လှစ်
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်၍ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပန်းတနော်မြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 02,2026
၂၀၂၆- ၂၀၂၇ ပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းလုံး၌ အခြေခံပညာကျောင်းများ ဇွန် ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ရာ ကန့်ဘလူမြို့နယ်ရှိ အခြေခံပညာကျောင်းများလည်း ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများလည်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ ထုတ်ပေးသည့် အခမ်းအနားကျင်းပ
Jun 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ ထုတ်ပေးသည့်အခမ်းအနားအား မေ ၂၈ ရက်နေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။