ဒေးဒရဲ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်း (၂၂၁) ကျောင်း၌ ယနေ့နံနက်ပိုင်းက စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် မိဘပြည်သူများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် နိုင်ငံတော်စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၂၁)ကျောင်းတွင် ၂၀၂၆ခုနှစ် မေလ (၂၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့အဖြစ် သတ်မှတ်ခဲ့ရာ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ (၃၂၀၃၁) ဦး အပ်နှံပြီးစီးခဲ့ပြီး သက်ဆိုင်ရာကျောင်းများတွင် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အေဇာလင်း