ဟိုင်းကြီးကျွန်းမြို့ ကွပ်ကဲမှုနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၀၁)ကျောင်းတွင် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက် ပညာသင်ကြားလျက်ရှိ

ဟိုင်းကြီးကျွန်း ဇွန် ၂

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအားလုံး ဇွန်လ(၁)ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ဟိုင်းကြီးကျွန်းမြို့ ကွပ်ကဲမှုနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၀၁) ကျောင်းတွင် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့တွင် အခြေခံပညာကျောင်းပေါင်း(၁၀၁)ကျောင်းရှိရာ အ.ထ.က ကျောင်း(၁၁)ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း (၁၅)ကျောင်း၊ အ. လ. က ကျောင်း(၁၂)ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း(၁၂)ကျောင်း၊ အ.မ.ကမူလွန်ကျောင်း (၇)ကျောင်း၊ အ .မ. ကကျောင်း (၃၉)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ(၃)ကျောင်း၊ ဘုန်းတော်ကြီးသင် မူလတန်းကျောင်း(၂)ကျောင်းတို့တွင် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။

လှိုင်မျိုးအောင်

(ဟိုင်းကြီးကျွန်း ပြန်/ဆက်)