ကျိုက်မရောမြို့နယ်၌ အပါတ်စဉ် ကျောင်းပိတ်ရက်တိုင်း ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား

ကျိုက်မရော နိုဝင်ဘာ ၂၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ယဉ်ကျေးလိမ္မာပြီး  ဘာသာတရားကို ငယ်စဉ်ကလေးဘဝမှစတင်၍ သိရှိနားလည် တန်ဖိုးထား လေးစားတတ်စေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ချက်ဖြင့် (YMBA)မှ ကြီးမှူး၍ အပတ်စစဉ် တနင်္ဂနွေနေ့တိုင်း  ယဉ်ကျေးလိမ္မာသင်တန်းကို ယနေ့နံနက် ၁၀ နာရီ  တွင် မေသရဖူ လူမှုရေးအသင်း ရုံးခန်းမ၌ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းနည်းပြဆရာမက မြို့နယ်အတွင်းရှိ ကျောင်းသူ၊ ကျောင်းသား၊ လူငယ်များအား ယဉ်ကျေးလိမ္မာပြီး ဘာသာတရားကို ငယ်စဉ်ကလေးဘဝမှစ၍ သိရှိနားလည် တန်ဖိုးထား လေးစားလိုက်နာတတ်စေရန်နှင့် (၃၈)ဖြာ  မင်္ဂလာတရားကို သိရှိနားလည်စေ ရန်၊ ဗုဒ္ဓဘာသာတရားတော်များကို ငယ်စဉ်မှ အစလေ့လာမှတ်သားကြစေရန်နှင့် ဗဟုသုတများတိုးပွားစေရန် (၃၈)ဖြာ မင်္ဂလာစာအုပ်မှ ဇာတ်တော်ကြီး ဆယ်ဘွဲ့၊ ဗုဒ္ဓဝင် တရားတော်များထဲမှ အပိုင်းများ ခွဲခြားကာ သင်ကြားပေးလျက်ရှိပြီး ယနေ့တွင် ဇာတ်တော်ကြီး ဆယ်ဘွဲ့အကြောင်း ညဏ်စမ်းမေးခွန်းများနှင့် သရုပ်ဖော်ပုံများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိနေကြောင်း သိရသည်။

အဆိုပါ ယစဉ်ကျေးလိမ္မာသင်တန်းကို အောက်တိုဘာ  ၃၀ ရက် မှ ဒီဇင်ဘာ ၃၀ရက်အထိ  အပတ်စဉ်  တနင်္ဂနွေနေ့တိုင်း နံနက် ၁၀ နာရီ မှ မွန်းတည့် ၁၂နာရီထိ သင်တန်းနည်းပြ  ဆရာ၊ ဆရာမ၊ သုံးဦးတို့က သင်ကြားပေးလျက်ရှိကြောင်းနှင့် သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေ ခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၃၆) ဦး တက်ရောက် သင်ကြားလျက် ရှိကြောင်း  မေသရဖူ လူမူရေးအသင်းမှ  ဒေါ်မိုးမိုးစံထံမှ သိရသည်။

 ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)