အင်္ဂပူမြို့နယ်အတွင်းရှိ ဆန်စက်များ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားမှုကွင်းဆင်းစစ်ဆေး

အင်္ဂပူ   နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ ဆန်စက်မီးဘေးလုံခြုံရေး‌ ဆောင်ရွက်ထားမှုအခြေအနေများအား စစ်ဆေးခြင်းအား ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ် ဦးစီးမှူးဦး‌ ဆောင်သောအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်မောင်ထွေးဦးဆောင်၍ မြို့ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး ဆန်စက်များအရေးပေါ် မီးလောင်မှုဖြစ်ပွားပါက ကြိုတင်ကာကွယ်ရေးပစ္စည်းများ ပြည့်စုံစွာထားရှိ/မရှိစစ်ဆေးခြင်း၊ ရေလုံလောက်စွာရရှိရေးအတွက် အုတ်ရေလှောင်ကန်များထားရှိခြင်းရှိ/မရှိ၊ စက်ရုံမီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်းထားရှိခြင်းရှိ/မရှိ၊အရေးပေါ်မီးလောင်မှုဖြစ်ပွားလာပါက စက်ရုံပရဝဏ်အတွင်း မီးသတ်ယာဥ်ဝင်ရောက်နိုင်မှုရှိ/မရှိစသည့် ကြိုတင်စီမံ ဆောင်ရွက်ထားရှိမှုများစစ်ဆေးခဲ့ပြီး လိုအပ်သည့် မီးသတိပြုရေးကိစ္စရပ်များအား သက်ဆိုင်ရာလုပ်ငန်းရှင်အား ဆွေးနွေးမှာကြားခဲ့ ကြောင်းသိရသည်။

 မန်းကျော်(ပြန်/ဆက်)