သတင်းများ

မိုင်းယန်းမြို့နယ်မှ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး
Nov 29,2022
ဒေသခံတိုင်းရင်းသားပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ခါးခွေဟွေနားကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်း (၀/၄)မိုင် လုပ်ငန်းအား နိုဝင်ဘာ ၂၈ ရက်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
မိုင်းပျဉ်းမြို့တွင် နယ်လှည့်လှုပ်ရှားမှု ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်
Nov 29,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ နယ်လှည့်ကွင်းဆင်း လှုပ်ရှားဆောင်ရွက်မှုကို ယမန်နေ့ နံနက် ၁၁ နာရီက ပန်ဝိုင်ကျေးရွာအုပ်စု၊ ဝမ်ကောင်း(အထက်)ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်ကောင်စီနယ်မြေ သန့်ရှင်းသာယာလှပရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်
Nov 28,2022
နေပြည်တော်ကောင်စီနယ်မြေ သန့်ရှင်းသာယာလှပရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။
ကျောက်ဆည်မြို့နယ်တွင် အာဆီယံသပြေပန်း စိုက်ပျိုးရောင်းချသူများ အဆင်ပြေ
Nov 28,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ယာမြေများတွင် အာဆီယံသပြေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသူများ နေ့စဉ်ချိုးယူရောင်းချရသဖြင့် မိသားစုတစ်ဖက်တစ်လမ်း ဝင်ငွေရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာအုပ်များ မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်း ငှားရမ်းပေး
Nov 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာအုပ်များကို အပတ်စဉ် ဌာနဆိုင်ရာများနှင့် အခြေခံပညာကျောင်းများသို့ မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနများသို့ ကွင်းဆင်းသွားရောက်၍ သုတ/ရသ စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်တွင် ချည်မျှင်ရှည်ဝါစိုက်ပျိုးသူများ ဝါခူးဆွတ်ချိန် စျေးကောင်းရရှိ၍ ဝါစိုက်တောင်သူများ အဆင်ပြေ
Nov 28,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ချည်မျှင်ရှည်ဝါစိုက်ပျိုးသူများ ဝါခူးဆွတ်ချိန် စျေးကောင်းရရှိ၍ ချည်မျှင်ရှည်ဝါစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြင်းခြံခရိုင် အမျိုးသမီးကော်မတီဝင်များအား Gender, CEDAW, NSPAW နှင့် UNSCR အသိပညာပေးသင်တန်းဖွင့်လှစ်
Nov 28,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ အမျိုးသမီးကော်မတီဝင်များအား Gender, CEDAW, NSPAWနှင့် UNSCR 1325 အသိပညာပေး အခမ်းအနားကျင်းပခြင်းအား မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၁ နာရီက အသိပညာပေး သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သံတွဲမြို့၌ မြို့နယ်အဆင့်လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲဖြေဆို
Nov 28,2022
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲကို ယနေ့ နံနက် ၉ နာရီမှစတင်၍ အထက(ခွဲ)မြို့မ၌ မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိ သည်။