မြင်းခြံခရိုင် အမျိုးသမီးကော်မတီဝင်များအား Gender, CEDAW, NSPAW နှင့် UNSCR အသိပညာပေးသင်တန်းဖွင့်လှစ်

မြင်းခြံ နိုဝင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ အမျိုးသမီးကော်မတီဝင်များအား Gender, CEDAW, NSPAWနှင့် UNSCR 1325 အသိပညာပေး အခမ်းအနားကျင်းပခြင်းအား မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၁ နာရီက အသိပညာပေး သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြင်းခြံခရိုင်၊ ခရိုင်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က မြင်းခြံခရိုင် အမျိုးသမီးကော်မတီဝင်များအား Gender , CEDAW, NSPAW နှင့် UNSCR အသိပညာပေးသင်တန်း တက်ရောက်လာသည့် ခရိုင်အဆင့်ဌာနဆိုင်ရာ အမျိုးသမီးကော်မတီဝင် များနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာ ဌာနဆိုင်ရာများအား နှုတ်ဆက်စကား ပြောကြားကာ သင်တန်းဖွင့်အမှာစကား ပြောကြားပြီး မြင်းခြံခရိုင် လူမှု ဝန်ထမ်းရုံးမှ ခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဒေါ်မြမြထွေးက Gender, CEDAW, NSPAW ပါ အကြောင်းအရာများအား Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့သည်။

ပြီးနောက် တက်ရောက်လာသည့် မြင်းခြံခရိုင် အမျိုးသမီးရေးရာကော်မတီ အဖွဲ့ဝင်များ၊ တောင်သာမြို့နယ် အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နွားထိုးကြီးမြို့နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များ မေးမြန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)