မိုးနဲ နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာအုပ်များကို အပတ်စဉ် ဌာနဆိုင်ရာများနှင့် အခြေခံပညာကျောင်းများသို့ မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနများသို့ ကွင်းဆင်းသွားရောက်၍ သုတ/ရသ စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ အကြောင်း အမျိုးမျိုးကြောင့်မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူ စာဖတ်ပရိတ်သတ်များ၊ ပြည်သူများ၊ ကျောင်းသား/သူများအနေဖြင့် အလွယ်တကူလက်လှမ်းမီ စာအုပ်/စာစောင်များငှားရမ်း ဖတ်ရှုနိုင်စေရန်၊ ပြည်သူ့စာကြည့်တိုက်သို့လာရောက်၍ စာအုပ်/စာစောင်များ ငှားရမ်းဖတ်ရှု လိုစိတ်များတိုးပွားစေရန် ရည်ရွယ်၍ သုတ/ရသစာအုပ်များကို ဝန်ထမ်းများ၏ ခင်ပွန်း၊ဇနီးနှင့် သားသမီးများပါ ဖတ်ရှုနိုင်စေရန် ကွင်းဆင်းငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ဝိုးတောင်း