မိုင်းပျဉ်းမြို့တွင် နယ်လှည့်လှုပ်ရှားမှု ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်

မိုင်းပျဉ်း နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ နယ်လှည့်ကွင်းဆင်း လှုပ်ရှားဆောင်ရွက်မှုကို ယမန်နေ့ နံနက် ၁၁ နာရီက ပန်ဝိုင်ကျေးရွာအုပ်စု၊ ဝမ်ကောင်း(အထက်)ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နယ်လှည့်လှုပ်ရှားမှု ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးအကြောင်းနှင့် လူကုန်ကူးမှုအသိပညာပေးအကြောင်း ခေါင်းစဉ်တို့ဖြင့် ဟောပြော ဆွေးနွေးပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ခြင်း အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်း၊ ကိုယ်လက်လှုပ်ရှား ကျန်းမာသွက်လက် ဉာဏ်ရည်ထက်ပြီး ပျော်ရွှင်မှု ရရှိစေရေးအတွက် ဂိမ်းကစားနည်းများဖြင့် ဆော့ကစားစေခြင်းနှင့် အသိပညာဗဟုသုတများ  တိုးပွားစေရေးအတွက်

မိုင်းပျဉ်းမြို့နယ်၊ ဝမ်ကောင်း(အထက်)ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့ နယ်လှည့် လှုပ်ရှားဆောင်ရွက်မှုတွင် ကျောင်းသား၊ ကျောင်းသူ အင်အား (၈၃)ဦးခန့်နှင့် တာဝန်ကျဆရာမများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)