လိပ်သိုမြို့တွင်း သရင်ပင်စုမှ အုတ်ဖိုလမ်းပိုင်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး
Dec 01,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့သည် ပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရန်၊ ဒေသထွက်ကုန်သီးနှံနှင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှု လွယ်ကူလျင်မြန်လာစေရန်ရည်ရွယ်၍ မြို့တွင်းလမ်းများအား ပြုပြင်ထိန်းသိမ်းခြင်း၊ ကွန်ကရစ်လမ်း အဖြစ် ခင်းခြင်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မြို့တွင်းအမှတ် (၅) ရပ်ကွက် အတွင်းရှိ သရက်ပင်စုမှ အုတ်ဖိုလမ်းပိုင်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းမှာ ယခုအခါပြီးစီးသွားပြီဖြစ်၍ ပြည်သူများ၊ မော်တော်ယာဉ်များသွားလာ အသုံးပြုလျက်ရှိပြီဖြစ် ကြောင်း သိရသည်။