သတင်းများ

ကမမောင်းမြို့တွင် ပဲတီစိမ်းစိုက်တောင်သူများ အထွက်နှုန်းကောင်းသဖြင့် စျေးကောင်းများ ရရန်မျှော်လင့်
Dec 01,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့ တွင်ဒေသတွင်းရေခံမြေခံအခြေခံကောင်းမွန်ပြီး စိုက်ပျိုးရေးတွင် အောင်မြင်ဖြစ်ထွန်းသော စိုက် ပျိုးသီးနှံများအပြင် စျေးကောင်းများရရှိသော ပဲတီစိမ်းများ စိုက်ပျိုးလာကြသည်။
လိပ်သိုမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အမှတ်(၁)ရပ်ကွက်ရှိ စာဖတ်သူများထံသို့ စာအုပ် စာစောင်များ ငှားရမ်းပေး
Dec 01,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ စာဖတ်ခြင်းအလေ့ အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုမှုအဆင်ပြေစေရန် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို  ယနေ့နေ့လယ် ၁၁ နာရီအချိန်က  နယ်လှည့်စာကြည့်တိုက်ကို လိပ်သိုမြို့ အမှတ်(၁) ရပ်ကွက်သို့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့ မြို့မဈေးမီးဘေးလုံခြုံရေးသရုပ်ပြပွဲကျင်းပ
Dec 01,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့မဈေးမီးဘေးလုံခြုံရေးသရုပ်ပြပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးအတွင်း ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Dec 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ဒီဇင်ဘာလ (၁)ရက်နေ့ နံနက်(၈)နာရီအချိန်က တမူးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့သည်။
အမ်းမြို့နယ်၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံပြည်သူများအတွက် အာဆီယံအပေါင်းသုံးနိုင်ငံအစီအစဉ်ဖြင့် ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ဆန်ထောက်ပံ့ ပေးအပ်ပွဲကျင်းပ
Dec 01,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံရသူ ပြည်သူများအတွက် အာဆီယံပေါင်းသုံးနိုင်ငံ၏ APTERR Tier 3 အစီ အစဉ်ဖြင့် ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ဆန်ထောက်ပံ့ပေး အပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဋ္ဌမအကြိမ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် ဒုတိယအစည်းအဝေးကျင်းပ
Dec 01,2022
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် ဒုတိယအစည်း အဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီ၌ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ သီတင်းသုံးတော်မူရာမဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မောင်တောမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများပြုလုပ်
Dec 01,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်စာငှား ကျောင်းသား၊ ကျောင်းသူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့စနစ်တကျငှားရမ်းပေးခြင်းဆောင်ရွက်
Dec 01,2022
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်‌လေးများအား ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး လူမှုရေးနှင့် အခြားသောထွေထွေဗဟုသုတများရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ၊ နံရံကပ်စာ‌စောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များဖွင့်လှစ်ခြင်းနှင့် စာဖတ်စာငှားပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာ‌စောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။