ဘူးသီးတောင်မြို့နယ်တွင် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှူစစ်ဆေး

ဘူးသီးတောင် ဒီဇင်ဘာ ၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ နိုင်ငံတော်အတွက်ထူးချွန်ထက်မြက်၍ အကျင့်စာရိတ္တကောင်းမွန်သော လူတော်၊ လူကောင်းများပေါ်ထွန်းလာရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယမနေ့နံနက်ပိုင်းက ကိုယ်ကာယကြံ့ခိုင်မှူစစ်ဆေးခြင်းကို မြို့မအားကစားကွင်း၌ကျင်းပသည်။

အဆိုပါ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစစ်ဆေးခြင်းသို့ မြို့နယ်အဆင့်အခြေခံပညာကျောင်းများမှ Grade-9 ကျောင်းသား/သူ(၄) ဦး Grade-10 ကျောင်းသား/သူ(၇)ဦးနှင့် Grade-11 ကျောင်းသား/သူ(၈)ဦး၊ စုစုပေါင်းကျောင်းသား/သူ (၁၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး နိုဝင်ဘာလ(၂၈)ရက်နေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်စာစစ်ဆေးခြင်း၊ နိုဝင်ဘာလ(၂၉)ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းများကို အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ(၃၀)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းကို မြို့မအားကစားကွင်း၌ပြုလုပ်ဆောင်ရွက်ခဲ့ပြီး အောင်မြင်သူများအနေဖြင့် ခရိုင်အဆင့်သို့ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးမောင်တင်အောင်မှ သိရသည်။

လှကျော်