အလုံမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများသိရှိလိုက်နာနိုင်ရေး  တွေ့ဆုံညှိနှိုင်းဆောင်ရွက်

အလုံ     ဒီဇင်ဘာ   ၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလုံမြို့နယ်အတွင်းရှိ YBS မော်တော်ယာဉ်ယာဉ်လိုင်းများမှ တာဝန်ရှိသူများတွေ့ဆုံညှိနှိုင်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယာဉ်မောင်းသူများမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများသိရှိလိုက်နာရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရေး၊ စစ်ဆေးကြပ်မတ်ရေး၊ ယာဉ်များတွင် ကြော်ငြာကပ်ခြင်း၊ ဆေးရောင်ခြယ်ခြင်းများမရှိစေရေး၊ ယာဉ်လိုင်းများတွင် CCTV တပ်ဆင်ရေး၊ ထူးခြားဖြစ်စဉ်များရှိပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ အချိန်နှင့်တပြေးညီ တင်ပြနိုင်ရေးစသည့် ကိစ္စရပ်များအား ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့သည်။

တင်တင်ချို (ပြန်/ဆက်)