သတင်းများ

မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း  အသိပညာ‌ပေးလက်ကမ်းစာ‌စောင်ဖြန့်ဝေခြင်းဆောင်ရွက်
Dec 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူများနှင့်မော်တော် ယာဉ်မောင်းများ ယာဉ်စည်းကမ်းလမ်းစည်းကမ်း သိရှိလိုက်နာစေရန်အတွက် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့နံနက် (၉:၀၀) အချိန်က မြောက်ဥက္ကလာပ အဝိုင်းမှတ်တိုင်တွင် ဆောင်ရွက်ခဲ့ကြသည်။
အိမ်မဲမြို့နယ်တွင် ကာယ၊ ဉာဏ၊ စာရိတ္တနှင့်မိတ္တဗလ စသည့် ဘက်စုံဖွံဖြိုးတိုးတက်သော လူရည်ချွန် ရွေးချယ်ပွဲပြုလုပ်
Dec 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပညာရေးဌာနမှ ကျင်းပသော မြို့နယ်အဆင့် ကာယ၊ ဉာဏ၊ စာရိတ္တနှင့် မိတ္တဗလ စသည့် ဘက်စုံဖွံဖြိုးတိုးတက်သော လူရည်ချွန်ရွေးချယ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဆက်လက်ရွေးချယ် ဆောင်ရွက်နေကြောင်း သိရသည်။
မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ အိမ်မဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး ကွင်းဆင်းဆောင်ရွက်
Dec 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးတို့အတွက် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကျင်းပ
Dec 01,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် နှုတ်မှုစွမ်းရည် တိုးတက်စေရန် လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲမှ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Dec 01,2022
နိုင်ငံတစ်ဝန်းကျရောက်လာမည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကြိုတင်ကာကွယ်နိုင်ရန်၊ လျှော့ကျနိုင်ရန်နှင့် ကာကွယ်တုံ့ပြန်နိုင်စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ ၄ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက် ဓမ္မသာလာဓမ္မာရုံတွင် ဆောင်ရွက် ခဲ့သည်။
ပိုင်ကျုံမြို့၌ မြို့သာယာလှပရေးအတွက် အုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Dec 01,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းများ၊ တံတားများ တည်ဆောက်ပေးလျက်ရှိသည့်အပြင် မြို့သာယာလှပ‌ရေးအတွက် Flower Box များနှင့် အုတ်စီရေမြောင်းများ တည်ဆောက်ပေးခဲ့သည်။
ဖား​ဆောင်းမြို့နယ်၌ က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ ​ကော်မတီစည်း​ဝေးကျင်းပ
Dec 01,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ယမန်​နေ့က မြို့နယ်က​လေးသူငယ်အအခွင့်အ​ရေးများဆိုင်ရာ​ကော်မတီ အစည်းအ​ဝေးကိုကျင်းပရာ ​ကော်မတီတွင်ပါဝင်​သော ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်​ရောက်ခဲ့ကြသည်။
တံတားဦးမြို့တွင် မြို့နယ်အဆင့် လူရည်ချွန်ရေးချယ်ရေး ကိုယ်ကာယကြံခိုင်ရေးစစ်ဆေးအမှတ်ပေး
Dec 01,2022
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ကိုယ်ကာယကြံခိုင်ရေး စစ်ဆေးအမှတ်ပေးခြင်းကို ယနေ့နံနက် (၈) နာရီက မြို့နယ်ပြည်သူ့အားကစားပြိုင်ကွင်းတွင် လူရည်ချွန် ရွေးချယ်ခြင်းများဆောင်ရွက်ရာ တံတားဦးမြို့နယ် ဒုတိယပညာရေးမှူး ဦးသန်ဆွေဦးနှင့် တာဝန်ရှိ သူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ကာ ကိုယ်ကာယကြံခိုင်ရေး စစ်ဆေးအမှတ်ပေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။