တွံတေးတူးမြောင်းအတွင်း စည်းကမ်းမဲ့အမှိုက်များမစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Dec 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် နှစ်ပေါင်း(၁၄၀)ကျော်သက်တမ်းရှိ တွံတေးတူးမြောင်းသာယာလှပစေရေး၊ ဂေဟစနစ်ကောင်းမွန်စေရေး၊ ငါးသယံဇာတများပေါကြွယ်ဝရေးအတွက်ရည်ရွယ်ကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တွံတေးတူးမြောင်းအတွင်း စည်းကမ်းမဲ့အမှိုက်များမစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၇ နာရီမိနစ် ၃၀ ကတွံတေးဆိပ်ခံဘောတံတား၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။